Print

လိမ္မော်သီးအစွမ်း

  01-Mar-2017
Preview Image

 

လိမ္မော်သီးသည် နွေးသော ဂုဏ်သတ္တိရှိ၏။ အရသာမှာ ချဉ်၊ ချိုဖြစ်၏။ အသည်း၊ အစာအိမ်၊ အဆုတ်တို့ကို ကောင်းကျိုးပေး၏။

 

စားသုံးသင့်သူများ
လိမ္မော်သီးကို အသက်ကြီးငယ်မရွေး စားသင့်ပါသည်။ အထူးသဖြင့် သွေးတိုးရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ လှပချင်သူ၊ အစာမကြေသူ၊ နာတာရှည် လေပြွန်ရောင်သူ၊ချောင်းဆိုး၍လေပြွန်ရောင်နေသူများ၊ နှလုံးသွေးကြောရောဂါရှိသူများ စားပေးသင့်သည်။ 

 

ပါဝင်သောဓာတ်များ
လိမ္မော်သီးထဲတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ခယ်လီယမ်၊ ကယ်လ်ဆီယမ်၊ဇင့်ဓာတ်၊ မီးစုန်းဓာတ်နှင့် ဆယ်လူလို့စ်တို့ ပါဝင်ပါသည်။

 

ကောင်းကျိုး
လိမ္မော်သီးထဲတွင် ဗီတာမင် စီ ပါသောကြောင့် အသားအရေကို ဖြူဝင်းလှပစေနိုင်သည်။အရေပြားရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး ပရိုတင်းဓာတ်ရရှိစေရန် ပြုလုပ်ပေးနိုင်သည်။ ထို့ကြောင့် လိမ္မော်သီး လတ်လတ်ဆတ်ဆတ်ကို စားပေးသင့်သည်။ လိမ္မော်သီး စားပေးခြင်းသည် ကင်ဆာရောဂါကို ခုခံကာကွယ်ပေးနိုင်သည်။ ကိုယ်ခန္ဓာကျန်းမာစေရန် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။ အရေပြားကင်ဆာ မဖြစ်စေရန်ကြိုတင်ကာကွယ်ပေးသည်။ 

 

လိမ္မော်သီးစားပေးခြင်းဖြင့် သွေးဖိအားကို ကျဆင်းစေမည်။ နှလုံးသွေးကြောကိုကာကွယ်၍ ကောင်းကျိုးပေးနိုင်သည်။ မျက်လုံးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။ အမြင်အာရုံဝါးမှုကိုလည်း လျော့ကျစေနိုင်သည်။ လိမ္မော်သီးစားပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးနိုင်သည်။ ခန္ဓာကိုယ်အတွင်း အဟောင်းများပျက်၊ အသစ်များ အစားထိုးဖြစ်ပေါ်မှုဖြစ်စဉ်များကိုလည်း အားဖြည့်ပေးနိုင်သည်။


Credit:
ယမုံအေး (စမ်းချောင်း)
Ziwaka magazine, August 2016, Pg. 135-136

 



Related Articles


Advertisment 18